Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 94 — Surah Al-Maidah 5:94
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ (ဟဂျ်ဝတ်ပြုမှုအတွင်း အမဲလိုက်ခြင်းကို တားမြစ်တော်မူခဲ့သည့်အလျောက်) အလ္လာဟ်အရှင်မြတ်အား ကွယ်ရာ၌ မည်သူက ကြောက်ရွံ့သည်ကို သိစေတော်မူရန်အလို့ငှာ သင်တို့၏လက်များနှင့်လှံစွပ်များဖြင့် လှမ်းမီနိုင်သော အမဲလိုက်မှု၌ သင်တို့အား မုချပင် စမ်းသပ်တော်မူနိုင်၏။ သို့ဖြစ်ပေရာ ယင်း (အမိန့်တော်ချမှတ်ပေးအပ်ခံရပြီး) နောက်တွင် မည်သူမဆို အရှင့်စည်းမျဉ်းဘောင်ကို ချိုး ဖောက်ကျူးလွန်လျှင် သူ့အတွက် (နောင်တမလွန်ဘဝတွင်) အလွန်နာ ပြင်းပြကျင်ဖွယ်ရာ ပြစ်ဒဏ်ရှိ၏။ (ခေတ်သစ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ အရှင့်စည်းမျဉ်းဘောင်ကို နေရာတိုင်း၌ အလွယ်တကူ ချိုးဖောက်ကျူးလွန်နိုင်သောကြောင့် ကိစ္စရပ်တိုင်းအား အရှင့်ကို သိစိတ်မပြတ်ထားခြင့်ဖြင့်သာ ပြုမူကျင့်ကြံ ဆောင်ရွက်သင့်သည်။)