Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 95 — Surah Al-Maidah 5:95

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ဟဂျ်နှင့်အွမ်ရဟ်ဝတ်ပြုမှုအတွက် ဝတ်ဆင်ရသည့် အစ်ဟ် ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်၊ အမဲလိုက်သတ်ဖြတ်ခြင်း မပြုကြလေနှင့်။ အမှန်စင်စစ်၊ သင်တို့အနက်မှ မည်သူမဆို ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်၍ သတ်ဖြတ်ခဲ့ပါမူ၊ ထိုကျူးလွန်မှု၏ပြစ်ဒဏ်အကျိုးဆက်အတွက် သင်တို့အနက်မှ တရားမျှတမှုပေါ်အခြေခံ၍ အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်နှစ်ဦးအား ထိုသတ်ခဲ့သော တိရစ္ဆာန်နှင့်ညီတူညီမျှဖြစ်သော ခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို စွန့်လှူနိုင်ရန် ဆုံးဖြတ်စေပြီးနောက် အထွတ်အမြတ်ဆုံးဝတ်ကျောင်းတော်သို့ ပို့ဆောင်စေရမည်။ သို့မဟုတ် ထိုကျူးလွန်မှုအတွက် ပေးဆပ်မှုအဖြစ် ချို့တဲ့ဆင်းရဲသူတို့အား အစားအသောက်များဖြင့် ကျွေးမွေးခြင်းစေရမည်၊ သို့တည်းမဟုတ် သူ၏တရားမမျှတသော လုပ်ရပ်ကြောင့်ဖြစ်လာသည့် ဆိုးကျိုးနှင့်တရားမျှတမှုသည် ထိုသို့အရေးပါကြောင်းကို သိနားလည်ပြီး ခံစားနိုင်ရန်အလို့ငှာ ဆွီယာမ်ဥပုသ် သီလဆောက်တည်ရမည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့က အစ္စလာမ် ကို လက်ခံယုံကြည်ခြင်းမရှိခဲ့စဉ် ကျူးလွန်မိသည့် လွန်လေပြီးသော အပြစ်တို့ကိုမူ ခွင့်လွှတ်တော်မူခဲ့ပြီး ဖြစ်၏။ သို့ရာတွင် အစ္စလာမ့် စည်းဘောင်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင်မူ မည်သူမဆို အရှင့်စည်းဘောင်ကို ကျူးလွန်ဖောက် ဖျက်လျှင် အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ဒဏ်ခတ်အရေးယူမှုကို ဖြစ်စေတော်မူလိမ့်မည်။ နှလုံးသွင်းသင့်သည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အား အရှင့်စည်းဘောင်နိယာမ တော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရာခပ်သိမ်း၏ပိုင်ရှင်စစ် ဖြစ်ရုံသာမက အဆိုပါစည်းဘောင်များအား ချိုးဖောက်ကျူး လွန်သူတို့ကို ဒဏ်ခတ်အရေးယူနိုင်သော အခြေအနေအလုံးစုံကို ဖြစ်စေတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။