Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 96 — Surah Al-Maidah 5:96

မြစ်ချောင်းအင်းအိုင်များနှင့်ပင်လယ်သမုဒ္ဒရာတို့ရှိ ရေအောက်သတ္တဝါများကို သက်ဆိုင်ရာစည်း မျဉ်းဥပဒေနှင့်အညီ ရှာဖွေဖမ်းဆီးပြီး တရားတော်၏စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စားသုံးခြင်း ကို သင်တို့နှင့်ခရီးသည်တို့အတွက် လိုအပ်များကို ပြည့်စေသောလောကီအကျိုးခံစားခွင့်အဖြစ် တရားဝင် ခွင့်ပြုတော်မူခြင်းခံရပြီ။ သို့ရာတွင် သင်တို့က ဟဂျ်နှင့်အွမ်ရဟ်ဝတ်ပြုမှုအတွက် ဝတ်ဆင်ရသည့် အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိနေကြစဉ်၊ ကုန်းသတ္တဝါများကို အမဲလိုက်ခြင်းအား သင်တို့အပေါ်၌ တရားမဝင်အဖြစ် တားမြစ်တော်မူခြင်းခံရ၏။ ထို့ပြင် အရှင်မြတ်ကိုစိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အားလုံးကို အရှင့်ထံတော်သို့ (ပြန်လည်၍) စုရုံး ရောက်ရှိစေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။