Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 97 — Surah Al-Maidah 5:97
အလ္လာဟ်အရှင်မြတ်သည် ကအ်ဗဟ်ဝတ်ကျောင်းတော်ကို လူသားအတွက် အရှင့်စည်းမျဉ်းတော်များအား နာခံလိုက်နာစရာ စံထားရမည့် ဦးတည်ချက်အဖြစ် ထူးကဲမြင့်မြတ်သော အိမ်တော် ဖြစ်ပေါ်စေတော်မူခဲ့ပြီး ထူးမြတ်သောလများတွင် ဝတ်ပြုရန်ရောက်လာသူတို့အတွက် စားစရာအဖြစ် စွန့်လှူမည့်တိရိစ္ဆာန်များနှင့်လို အပ်ချက်အရ သတ်ဖြတ်ခြင်းမှအပ တိရိစ္ဆာန်တို့၏အခွင့်အရေးကို လေးစားကြောင်း ထင်ဟပ်စေရန် စွန့်လှူမည့် တိရိစ္ဆာန်များပေါ်တွင် ဆင်ယင်ထားသည့် ပန်းကုံးများတို့ကိုလည်း သတ်မှတ်ဖြစ်ပေါ်စေတော်မူ၏။ ထိုသို့ ဖြစ်ပေါ်လာစေရန် ခွင့်ပြုတော်မူခြင်း၌ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အ တွင်းရှိ သမျှအရာအားလုံးကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချလျှင် သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်း အသုံးချလျှင် ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးအလုံးစုံကို အကြွင်းမဲ့ သိတော်မူသောအရှင်ပင်ဖြစ်ကြောင်း သိနားလည်စေရန် ဖြစ်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၌ စည်းမျဉ်းနိယာမတော်များဖြင့် ထိန်းချုပ်ထားတော်မူပြီး အရာရာကို စွမ်းဆောင်နိုင်စွမ်းရှိတော်မူသောအရှင် ဖြစ်တော်မူ၏။