Verse 15 — Surah Qaf 50:15

ငါအရှင်မြတ်သည် ပထမအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့သောကြောင့် ငြိငွေ့ပင်ပန်း၍ လက်ပန်း ကျတော်မူသည်။” ဟု ထင်မှတ်လေသလော။ (ဆွေးမြေ့ပျက်စီးသွားသည်ကို ပြန်လည် ဖွဲ့စည်းဖြစ်တည် စေနိုင်စွမ်းရှိမည် မဟုတ်။ “ဟု ယူဆထားသလော)။ ထိုသို့ အလျှင်း မဟုတ်ပေ။ အမှန်မှာ၊ သူတို့သည် အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းဖြစ်တည်စေခြင်းနှင့်စပ်လျဉ်း၍ (ထင်မြင်ချက်နှင့်ငြင်းခုံမှုများဖြင့် လုံးထွေး၊ ရှုပ်ထွေးစေလျက်) ယုံမှားသံသယ၌ပင် ရှိနေကြ၏။