Verse 27 — Surah Qaf 50:27

(လောကီဘဝ၌ သူ့အား မကောင်းမှုအကုသိုလ်ဘက် လှုံ့ဆော်သွေးဆောင်ခဲ့သည့် စေတန်မကောင်း ဆိုးဝါးဖြစ်သူ) သူ့အပါး၌ရှိသောအဖော်က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတောိမူ၍ ပြုစုပျိုးထောင် တော်မူသောအရှင်မြတ်၊ ကျွန်ုပ်သည် သူ့အား ဖောက်ဖျက်ကျူးလွန်သောင်းကျန်းစေခဲ့သည် မဟုတ်ပါ။ သို့ရာတွင် သူကိုယ်တိုင်သည်သာ (သူ၏လွတ်လပ်သောဆန္ဒအလျှောက်) အလွန်ဝေးကွာသောလမ်းမှား၌ ရှိစေခဲ့ခြင်းသာ ဖြစ်၏။” ဟု ဖြေကြားလိမ့်မည်။