Verse 28 — Surah Qaf 50:28

(ထိုစဉ်) ထိုအရှင်မြတ်က “သင်တို့သည် ငါအရှင်မြတ်၏ရှေ့တော်မှောက်၌ အငြင်းအခုံ မပြုကြလေနှင့်။ အမှန်စင်စစ်၊ ငါအရှင်မြတ်သည် (သင်တို့အတွက် ကတိထားတော်မူသော) ပြစ်ဒဏ်ဆိုင်ရာ သတိပေးချက်ကို သင်တို့ထံသို့ တင်ကြိုပို့နှင့်၍ အသိပေးတော်မူခဲ့ပြီးဖြစ်၏။” ဟု မိန့်တော်မူလိမ့်မည်။