Verse 30 — Surah Qaf 50:30

(အို၊ ရစူလ်တမန်တော်၊ သူတို့အား သတိရစေလော့။) ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ငါအရှင် မြတ်သည် ငရဲဘုံအား “အသင့်၌ ပြည့်စရာ ပြည့်သိပ်နေပြီလော။” ဟု မေးတော်မူသော် ယင်းက “နောက်ထပ် ရှိပါသေးသလော။” ဟု လျှောက်ထားပေမည်။