Verse 36 — Surah Qaf 50:36

စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီရှိခဲ့သော မြို့ရွာဒေသများအနက်မှ သူတို့ထက် (ရဲစွမ်းသတ္တိ၊ ခွန်အားဗလကြီးမား၍) အင်အားနှင့်ဩဇာအာဏ ပိုမို တောင့်တင်းခိုင်မာသည့် မြို့ရွာဒေသပေါင်း မည်ရွေ့မည်မျှ (၏ မျိုးဆက်ပေါင်း) များပြားစွာကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို (သိနိုင်ရန်အတွက်) သူတို့နေထိုင်ခဲ့သည့် မြို့ရွာဒေသများ၌ တူးဖော်ရှာဖွေစူးစမ်းလေ့လာကြလော့။ (သို့တစေလည်း သူတို့သည် အရှင့်ပြစ်ဒဏ်မှ) ထွက်ပြေးတိမ်းရှောင်စရာဟူ၍ ရှာဖွေတွေ့ရှိခဲ့ကြ လေသလော။