Verse 37 — Surah Qaf 50:37

ဧကန်ပင်၊ ထို (သို့အသေးစိတ် ဖော်ပြထားသည့် ကျမ်းတော်) ၌ (ဖြူစင်သော) စိတ်နှလုံးပိုင်ရှင်အတွက် သို့မဟုတ် စိတ်ပါဝင်စားစွာ အသင့်ရောက် ရှိ၍ နားစိုက်သူဖြစ်ပြီး သူသည် (ယင်းအတွက်) သက်သေသက်ကန်လည်းဖြစ်သူအတွက် အမှန်ပင် (ဆုံးမဩဝါဒများပါဝင်လျက်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ သတိပေးတရားပင် ဖြစ်၏။