Verse 39 — Surah Qaf 50:39

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ပြောဆိုနေသမျှနှင့်စပ်လျဉ်း၍ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံကြံ့ခိုင်မှုမြဲမြံလော့။ ထို့ပြင် အသင်သည် နံနက်နေမထွက်မီနှင့်ညနေ နေမဝင်မီတွင် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းကျေးဇူးတင်ခြင်း နှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုလည်း ဂုဏ်တင်ကြလော့။