Verse 4 — Surah Qaf 50:4

မြေကြီးသည် သူတို့အနက်မှ (ကွယ်လွန်သေဆုံးသွားသူတို့ ခန္ဓာကိုယ်ကို အသေးဆုံးအမှုန်ပါ မကျန်အောင်) ယုတ်ညံ့၊ ပုပ်ပွပျက်စီးစေခြင်းကို ငါအရှင်မြတ်က ဧကန်မုချပင်၊ သိနေတော်မူ၏။ စင်စစ်မှာကား ငါအရှင်မြတ်ထံတော်တွင် (မယိုယွင်၊း မဖျက်ဆီးနိုင်အောင်) ထိန်းသိမ်းစောင့်ရှောက်ထားသော မှတ်တမ်းစာအုပ်သည်လည်း ရှိနေ၏။