Verse 40 — Surah Qaf 50:40

ထို့ပြင် အသင်သည် ည၏အချိန်ပိုင်း၌ (ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ ဆောက်တည်လျက် ဦးချပြီးနောက်တွင်လည်း အရှင်မြတ်သည် ( ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုလည်း ဂုဏ်တင်လော့။