Verse 42 — Surah Qaf 50:42

ထိုနေ့တွင် (အရှင်မြတ်က ကြိုတင်ပြဌာန်းတော်မူထားသော ကြောက်မက်ဖွယ်ရာ) ပေါက်ကွဲသံကြီးကို (အားလုံးက) အမှန်တရားအဖြစ် ထင်ရှားမှန်ကန်စွာ ကြားကြရပေမည်။ ထို (သို့ပေါက်ကွဲသံကြားရမည့်) နေ့သည်ပင် (လူသားတို့ သင်္ချိုင်းများမှ) ထွက်ကြရမည့်နေ့ပင် ဖြစ်၏ ။