Verse 45 — Surah Qaf 50:45

ငါအရှင်မြတ်သည် သူတို့ပြောဆိုသမျှတို့ကို အသိတော်မူဆုံးပင် ဖြစ်တော်မူပြီး (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အပေါ်၌ အတင်းအကျပ်ယုံကြည်စေရန် တာဝန် မရှိပေ။ သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်က သူတို့အတွက် ကတိထားတော်မူသော ပြစ်ဒဏ်ဆိုင်ရာ သတိပေးချက်ကို ကြောက်ရွံ့သူအား (ဆုံးမဩဝါဒ အလုံးစုံးပါဝင်သည့်) ကုရ်အာန်ကျမ်းတော်မြတ်ဖြင့် (အရှင်မြတ်အား သတိရ တသ၍) သတိပေးတရားရ ကြရန် ထုတ်ဖော်ဖွင့်ဟ ဟောပြောလော့။