Verse 6 — Surah Qaf 50:6

သို့သော်လည်း သူတို့သည် သူတို့အထက်၌ရှိသော မိုးကောင်းကင်ဘက်သို့ ကြည့်၍ (ဉာဏ်တော်အနန္တ နှင့်ဘုန်းတန်ခိုးတော်၌ အနှိုင်းမဲ့ ဖြစ်တော်မူသော) ငါအရှင်မြတ်သည် ယင်းကို မည်သို့ ဖွဲ့စည်းတည်ဆောက်ထားတော်မူကြောင်း (ဂြိုဟ်နက္ခတ်ကြယ်တာရာများဖြင့်) မည်သို့ အလှတန်ဆာ ဆင်ယင်ထားတော်မူကြောင်းနှင့်ယင်း၌ မည်သည့် အက်ကြောင်း၊ ကွဲကြောင်း၊ အဟ၊ အအက်မျှ အလျှင်း မရှိကြောင်းကို ချင့်ချိန်လေ့လာစူးစမ်း တွေ့မြင်၍ မသုံးသပ်ကြလေသလော။