Back to Languages

Burmese - Chapter 51 - Adh-Dhariyat

Translation by Alin U Yin — Permalink

Verse 21 — Surah Adh-Dhariyat 51:21

ထို့ပြင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင်လည်း (သက်သေလက္ခဏာများ) ရှိနေ၏။ သို့ပါလျက် သင်တို့သည် (အမှန်တရားကို) မမြင်ကြလေသလော။