Back to Languages

Burmese - Chapter 52 - At-Tur

Translation by Alin U Yin — Permalink

Verse 43 — Surah At-Tur 52:43

သို့တည်းမဟုတ် သူတို့အတွက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ထိုက်သော ကိုးကွယ်ရာ အရှင်တစ်ပါးပါးရှိလေသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့က အရှင်မြတ်နှင့်တွဲဖက်နှိုင်း၍ ကိုးကွယ်ကြသော ကိုးကွယ်ရာများမှ ကင်းရှင်းတော်မူကြောင်းနှင့် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့အရှင် ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။