Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 53 - An-Najm
Translation by Alin U Yin — Permalink
Verse 23 — Surah An-Najm 53:23
(အမျိုးသမီး၏မျက်နှာထားဖြင့် ဖန်တီးထားသော ရုပ်ပွားဆင်းတုများဖြစ်ကြသည့်) သူတို့သည် သင်တို့ ကိုယ်တိုင်နှင့်သင်တို့၏ဘိုး ဘေးဘီဘင်တို့က (ဖိရိုဖလာအဖြစ်) ဖန်တီး၍ မှည့်ခေါ်ထားသော အမည်များ (အခေါ်အဝေါ်) များမှအပ အခြားမည်သည့်အနစ်သာရမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (သူတို့ယုံကြည်ကိုး ကွယ်နေကြသော) ထိုကိုးကွယ်ရာများနှင့်စပ်လျဉ်း၍ မည်သည့်အခွင့်အာဏာ (သက်သေအထောက်အထား) တစ်စုံတစ်ရာကိုမျှပင် ချမှတ်ပေးအပ်တော်မူခဲ့သည် မဟုတ်ပေ။ အမှန်မှာ သူတို့သည်ကား ထင်မြင်ယူဆချက် နှင့်စိတ်အလိုဆန္ဒရမ္မက်များ နောက်ကိုသာလျှင် တကောက်ကောက် လိုက်နေခြင်း ဖြစ်၏။ သို့ရာတွင် သူတို့ထံသို့ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ လမ်းညွှန်တော် ရောက်ရှိလာခဲ့ပြီ (ဖြစ်၍ ထိုလမ်းညွှန်တော်နှင့်အညီ ဘဝဆောက်တည်သင့်၏။)