Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 53 - An-Najm
Translation by Alin U Yin — Permalink
Verse 30 — Surah An-Najm 53:30
ထိုကဲ့သို့ပင် (သူတို့သည် အရာခပ်သိမ်း၏အပေါ်ယံနှင့်အကန့်အသတ်ဖြင့်ရှိသည်ကိုသာ အလေးအနက် မတွေးခေါ်ဘဲ လက်ခံလျက် မိစ္ဆာတရားနှင့်မတည်မြဲသော လောကီကိုသာ လိုလားမက်မောနေခြင်းသည်ပင်) သူတို့၏အသိပညာပေါင်းချုပ် ဖြစ်နေ၏။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သူက အရှင့်လမ်းစဉ်တော်မှ လွဲချော်၍ လမ်းမှားရောက်နေသည်ကို အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် မည်သူက တရားလမ်းမှန် ညွှန်ပြခြင်း ခံရသည်ကိုလည် အသိတော်မူဆုံး ဖြစ်တော်မူ၏။