Back to Languages

Burmese - Chapter 53 - An-Najm

Translation by Alin U Yin — Permalink

Verse 31 — Surah An-Najm 53:31

ထို့ပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာတို့သည် အလ္လာဟ်အရှင်မြတ် (က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများဖြစ်ပြီး အရှင်မြတ်သာ ပိုင်ဆိုင်တော်မူရုံသာမက အရှင့်စည်း မျဉ်းနိယာမတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထိုအရှင်မြတ်သည် (မည်သူက လမ်းမှားရောက်နေ၍ မည်သူက တရားလမ်းမှန်ပေါ်ရှိသည်ကို အကြွင်းမဲ့ သိတော်မူသည့်အလျှောက်) မကောင်းမှုဒုစရိုက် ကျူးလွန်သော သူတို့အား သူတို့၏ပြုမူကျင့်ကြံမှုနှင့်အညီ (အကျိုးဆက်အဖြစ် ပြစ်ဒဏ်ကို) ပေးဆပ်စေတော်မူရန်နှင့်အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်း ဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတို့ကို့လည်း အကောင်းမြတ်ဆုံးဆုလဒ်ဖြင့် အစားပေးတော်မူရန်အတွက်ပင် ဖြစ်၏။