Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 53 - An-Najm
Translation by Alin U Yin — Permalink
Verse 32 — Surah An-Najm 53:32
(ထိုသူတို့သည်ကား မတော်တဆပြုမိသော) အမှားအယွင်းအသေးအဖွဲများမှအပ ကြီးလေးသော ပြစ်မှု နှင့် (မကြားဝံ့မနာမှု) ညစ်ညမ်းမှုတို့မှလည်း (အထူး) ရှောင်ကြဉ်ကြ၏။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်ကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ကျက်ထားတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် သင်တို့အား မြေကမ္ဘာ (၏အမှုန်) မှ စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့စဉ် သင်တို့၏အခြေအနေကိုလည်းကောင်း၊ သင်တို့က သင်တို့မိခင်များ၏ဝမ်းကြာတိုက်အတွင်း သန္ဓေသားတည်ခါစအချိန်၌ရှိသော အခြေအနေများကိုလည်းကောင်း၊ အသိတော်မူဆုံး ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (အပြစ်ကင်း၍ မြင့်မြတ်သည်ဟု မှတ်ယူလျက်) စင်ကြယ်သန့်ရှင်းသည်ဟု မထင်ကြလေနှင့်။ ထိုအရှင်မြတ်သည်သာ မည်သူက အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူ၏။