Back to Languages

Burmese - Chapter 54 - Al-Qamar

Translation by Alin U Yin — Permalink

Verse 42 — Surah Al-Qamar 54:42

သို့ရာတွင် သူတို့သည် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်အားလုံးကို မဟုတ်မတရား မမှန်မကန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသောကြောင့် နောက်ဆုံးတွင် ငါအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်အနန္တဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ လူသားတို့အသက်ရှင်ရပ်တည်ရေးဆိုင်ရာ စည်းဘောင်များကို သတ်မှတ်ပြဌာန်းတော်မူသော အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ ဖမ်းချုပ်၍ ဒဏ်ခတ်အရေးယူတော်မူခဲ့၏။