Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 10 — Surah Al-Hadid 57:10
ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲလှူဒါန်းခြင်း မပြုကြရန် သင်တို့အတွက် မည်သည့်အကြောင်းအရာက (အဟန့်အတားနှင့်အခက်အခဲများအဖြစ်) ရှိနေသနည်း။ စင်စစ်သော်ကား မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသောအရာ (အမွေ) အားလုံးသည် အလ္လာဟ်အရှင်မြတ် (ကဖြစ်တည်စေတော်မူသည့် အရာများဖြစ်၍ အရှင်အချုပ်အခြာအာဏာ၌ ရှိလျက် အရှင်မြတ်) သာ အမွေဆက်ခံခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ သင်တို့အနက် (မက္ကာမြို့တော်ကို အောင်နိုင်၍) အောင်ပွဲမခံရမီ (အရှင့် လမ်းတော်၌) စွန့်လှူသုံးစွဲ လှူဒါန်းခဲ့ကြရုံမက (အစ္စလာမ်အတွက် ရပ်တည်သူတို့ကို အမြစ်ဖြတ်ချေမှုန်းလို စိတ်ဖြင့် မတရားကျူးကျော်သူတို့ကို တော်လှန်တိုက်ခိုက်ရာတွင်လည်း အသက်ကို ပဓါနမထားဘဲ စွမ်းစွမ်းတမံ) ရင်ဆိုင်တိုက်ခိုက်လျက် ဂုဏ်ရည်အဆင့်အတန်း အမြင့်မြတ်ဆုံးစာရင်းတွင် ပါဝင်စေတော်မူခြင်းခံကြရသော ထိုသူတို့သည် (ထိုအောင်ပွဲခံရသောကာလ) နောက်ပိုင်းတွင် (အရှင့်လမ်းတော်၌) စွန့်လှူသုံးစွဲ လှူဒါန်း၍ တိုက်ပွဲ၌ ပါဝင်ကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသူတို့နှင့်ထပ်တူထပ်မျှ တူညီနိုင်ကြမည်လော။ စင်စစ်သော်ကား၊ အလ္လာဟ်အ ရှင်မြတ်သည် အားလုံးကိုပင် အကောင်းမြတ်ဆုံး ကောင်းကျိုး (ထာဝရပျော်ရွှင်မြူးထူးကြရမည့် သုခဥယျာဉ်) ပေးတော်မူရန် ကတိထားတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံ ဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက် အလုံးစုံကို အသေးစိတ် သတင်းရယူထားတော်မူသော အရှင်ဖြစ်တော်မူ၏။