Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 13 — Surah Al-Hadid 57:13

ထိုနေ့တွင် အယောင်ဆောင်သီလကြောင်အမျိုးသားများနှင့်အမျိုးသမီးများသည် ယုံကြည်သူတို့အား “သင်တို့၏အလင်းရောင်မှ (အလင်းတန်း အနည်းငယ်မျှ) ရရှိနိုင်ကြရန် သင်တို့သည် ကျွန်ုပ်တို့အတွက် (ခဏ) စောင့်ဆိုင်းကြလော့။” ဟု တောင်းဆိုပြောကြားသည့်အခါ (ယုံကြည်သူများ ဖြစ်ကြသော) သူတို့က “သင်တို့သည် (ဖြစ်နိုင်လျှင် လောကီကမ္ဘာဖြစ်သည့်) နောက်ကြောင်းပြန်သွားပြီးလျှင် (ထို၌ ကောင်းမှုကုသိုလ်များဖြင့် ပြုမူကျင့်လျက်) အလင်းရောင်ကို ရှာဖွေကြလော့။” ဟု တုံ့ပြန်ဖြေဆိုကြလိမ့်မည်။ ထိုစဉ် သူတို့ကြားတွင် (ယုံကြည်သူများနှင့်သီလကြောင်းတို့ကို သီးခြားစီဖြစ်စေမည့်) တံခါးပေါက်တစ်ခုပါသော တံတိုင်းတစ်ခုအား စိုက်ထူမည် (ဖြစ်ရာ သီလကြောင်တို့၏နောင်တရမှုမှာ တိုးမြှင့်လာ၍ ယုံကြည်သူတို့နှင့်လည်း အဆက်ပြတ် သွားမည်) ဖြစ်၏။ တံတိုင်း၏အတွင်းဘက်၌ ထာဝရ ပျော်မြူးစေမည့်) ကရုဏာတော်ရှိနေ၍ ယင်း၏အပြင် ဘက်၌မူကား (ထာဝရခံစားရမည့်) ပြစ်ဒဏ်သည် ရှိနေ၏။