Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 14 — Surah Al-Hadid 57:14

ထို (အယောင်ဆောင်သီလကြောင်များဖြစ်ကြသော) သူတို့သည် (တံတိုင်း၏အပြင်ဘက်မှနေ၍ ယုံကြည်သူတို့အား) “လောကီဘဝ၌ ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လော။” ဟု ဟစ်အော် မေးမြန်းကြပေမည်။ (ထိုအခါ သက်ဝင်ယုံကြည်သူများဖြစ်ကြသော) သူတို့က “အမှန်ပင် အတူနေခဲ့ကြပါ၏။ သို့ရာတွင် သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက် အသုံးချ၍ သင်တို့ကိုယ်သင်တို့ လှည့်စားလျက် (အစ္စလာမ်အတွက် ရပ်တည်သူများအဖြစ် ဟန်ဆောင်ပြီး ယင်းကို ပျက်စီးစေရန် ကြံစည်၍ ရန်သူများ ဘက်မှပါဝင်ရန်) စောင့်ဆိုင်းနေခဲ့ကြရုံသာမက ယင်း (အစ္စလာမ်) အပေါ်လည်း ဒွိဟသံသယပွားစေကာ အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော် (သေခြင်းတရား) ရောက်လာ သည်အထိ မှားယွင်းသော မျှော်လင့်ချက်များနှင့်ထင်မြင်ယူဆချက်များအတွက် သင်တို့ကိုယ်သင်တို့ လှည့်စား နေခဲ့ခြင်းဖြင့် လှည့်စားသူ (စေတန်မကောင်းဆိုးဝါး) အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့ (၏အ တွေးအမြင်နှင့်သဘောထားတို့) ကို လှည့်ဖြားစေရန် ခွင့်ပြုလေ၏။ “ ဟု တုံ့ပြန်ဖြေဆိုကြလိမ့်မည်။