Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 16 — Surah Al-Hadid 57:16

သက်ဝင်ယုံကြည်သူတို့အတွက် အလ္လာဟ်အရှင်မြတ်၏ဆုံးမသြဝါဒ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်မြတ်ကုရ်အာန်) အလို့ငှာလည်းကောင်း၊ အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူသမျှကို လိုက်နာရာတွင်လည်းကောင်း၊ သင်တို့မတိုင်မီက ရှိခဲ့ကြသော ကျမ်းရပုဂ္ဂိုလ်များကဲ့သို့ မဖြစ်ရန်လည်းကောင်း၊ သူတို့၏နှလုံးသားများကို (အရှင်မြတ်ထံအပ်နှံ၍ အရှင့်လမ်းတော်၌ ရုန်းကန်လျက်) နှိမ့်ချကြရန် အချိန်တန်ပြီ မဟုတ်လော။ အကြောင်းမှာ (ထိုကျမ်းရပုဂ္ဂိုလ်များသည်) အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ (အရှင့်အမိန့်တော်များကို ကျောခိုင်းပြောင်းလဲသောကြောင့်) သူတို့၏စိတ်နှလုံးများသည် ခက်ထန်မာကျောလာပြီး သူတို့အနက်မှ အများစုသည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော စည်း​ဘောင်များကို ကျူးလွန်ချိုးဖောက်၍ သွေဖည်ယုတ်မာသူများပင် ဖြစ်ကြလေ၏။)