Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Hadid 57:17

ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မြေကမ္ဘာကိုလည်း ယင်းမှာ ခြောက်သွေ့ခန်းခြောက်လျက် မြေသေဖြစ်ပြီးနောက် (ကောင်းကင်ယံမှ သွန်းချ​စေတော်မူသောရေကြောင့် ပြန်လည်ရှင်သန်) စိုပြေစေကြောင်းကို သင်တို့သည် နှလုံးသွင်း သိထားကြလော့။ ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် သင်တို့ ဆင်ခြင်တုံတရားကို သုံး၍ တွေးခေါ်ဆင်ခြင်သိနားလည်ကြရန်အလို့ငှာ အာယသ်သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း၊ မြင်သာထင်ရှားအောင် ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်၏။