Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 18 — Surah Al-Hadid 57:18
ဧကန်စင်စစ်၊ (ဆင်းရဲနွမ်းပါးသူတို့အတွက် လူမှုဖူလှုံကြေးနှင့်အလှူဒါနများအပါအဝင်) စွန့်လှူပေးကမ်း လှူဒါန်းကြသော အမျိုးသားများနှင့်အမျိုးသမီးများသည် (အရှင်မြတ်က ချီးမြှင့်အပ်နှံတော်မူထားသည့် ရုပ်နာမ်၊ ဥစ္စာဓန၊ စွမ်းရည်စွမ်းပကားနှင့်နည်းပညာများမှ) အကောင်းမြတ်ဆုံးသောအရာများကို (အရှင့်ကျေနပ်နှစ်မြို့ မှုအတွက်) အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်ချေးငှား (ဆက်ကပ်) လျှင် ယင်းဆက် ကပ်ချေးငှားခြင်းကို (ဤလောကီ၌) မြောက်များစွာ ဆထက်တိုး၍ တိုးပွားစေတော်မူပြီး (နောင်တမလွန်ဘဝတွင်လည်း) သူတို့အတွက် မြင့်မြတ်လှစွာသော အကျိုးဆုလဒ်သည်လည်း ရှိနေ၏။