Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 19 — Surah Al-Hadid 57:19
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်များအား ယုံကြည်ကြသော သူတို့မူကား ထိုသူတို့သည်ပင် ထိုသူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ ဖြောင့်မတ်မှန်ကန်စွာပြုမူကျင့်ကြံသော သစ္စာဝါဒီများနှင့် (အရှင်မြတ်၏လမ်းတော်၌ အသက်စွန့်ခဲ့ကြသောသူများပင် ဖြစ်ကြပြီး သူတို့အတွက် မြင့်မြတ်သောအကျိုးဆုလဒ်များနှင့်သူတို့၏ရောင်ခြည်များ ရှိပေမည်။ သို့ရာတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ်ကြသောသူတို့မူကား မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) များပင် ဖြစ်ကြပြီး ထိုသူတို့သည်ကား အရှိန်ပြင်းစွာ လောင်နေသော ငရဲမီး၏အဖော်များပင် ဖြစ်ကြ၏။