Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 20 — Surah Al-Hadid 57:20
လောကီဘဝသက်တမ်းသည် အချင်းချင်းကြားတွင် ဝင့်ကြွားခြင်း ဥစ္စာဓနပိုင်ဆိုင်လျက် ကြွယ်ချမ်းခြင်းနှင့်သားသမီးများကို အကြောင်းပြု၍ ပြိုင်ဆိုင်မှုတိုးပွားစေခြင်းကြောင့် ကစားခုန်စားမှုနှင့်လောကီအကျိုးအတွက် အလှတန်ဆာဆင်၍ ပျော်မြူးခြင်းသက်သက်သာ ဖြစ်သွားနိုင်ကြောင့် နှလုံးသွင်း သိထားသင့်သည်။ (ထိုသို့လောကီဘဝသက်တမ်းကို လောကီအကျိုးခံစားမှုအတွက်သာ အသုံးချ ကြသူတို့၏ဥပမာသည်ကား) မိုးရေကြောင့် (လယ်ယာကိုင်းကျွန်းများ စိုပြေလာ၍) အသီးအနှံဖြစ်ထွန်းမှု တိုးပွားလာကာ ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ပျော်ရွှင်မြူးထူးဖြစ်ပြီးနောက် (မိုးရေရှားပါးမှုကြောင့် လယ်ယာကိုင်းကျွန်းများ) ခြောက်သွေ့ခန့်ခြောက်လာ၍ စိုက်ခင်းများလည်း အဝါရောင်သန်းလာပြီးနောက် ခြောက်သွေ့လျက် ကောက်ရိုးပုံ (အမှိုက်ပုံ) ဖြစ်လာသည်ကို မြင်တွေ့ရသော မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်အလား သဏ္ဌန်တူ၏။ ထို့ပြင် (ထိုသို့သောပဂ္ဂိုလ်များသည်) နောင်တမလွန်ဘဝတွင်လည်း အလ္လဟ်အရှင်မြတ်၏လွတ်ငြိမ်းခွင့်ပေးတော်မူခြင်းနှင့်နှစ်သက်တော်မူခြင်းတို့မှ ကင်းဝေး၍ ပြင်းထန်သော ပြစ်ဒဏ်ကို ထာဝရ ခံစားရမည် ဖြစ်၏။ စင်စစ်သော်ကား လောကီဘဝသက်တမ်းသည် လောကီအကျိုးခံစားခွင့်များနှင့်ရပိုင်ခွင့်များကြောင့် (ခေတ္တခဏ ပျော်မြူးနိုင်ရန် ထာဝရသုခချမ်းသာကို လက်လွတ်စေလျက်) လှည့်စားခြင်းခံရခြင်းမှအပ အခြား မဟုတ်ပေ။