Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 21 — Surah Al-Hadid 57:21

(လောကီဘဝသက်တမ်း၌ လောကီစဉ်းစိမ်းချမ်းသာအတွက် အငမ်းမရ ပြိုင်ဆိုင်နေခြင်းအစား) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏လွတ်ငြိမ်းချမ်းသာခွင့် ဘက်သို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်တို့အား သက်ဝင်ယုံကြည်ကြသောသူတို့အတွက် အသင့် ပြင်ဆင်ထားသော (အရွယ်အစားအားဖြင့်) မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်တို့၏ကျယ်ပြောမှုကဲ့သို့ ကြီးမားကျယ်ပြန့်သည့် သုခဥယျာဉ်ဘက်သို့လည်းကောင်း၊ သင်တို့အချင်းချင်း တစ်ဦးထက်တစ်ဦးသာနိုင်အောင် အပြိုင်အဆိုင် ပြေးလွှားကြလော့။ ထိုသို့ ဖြစ်စေတော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူသည့် အလ္လာဟ်အရှင်မြတ်ကျေးဇူးတော်ပင်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်သောကျေးဇူးတော်နှင့်ဂုဏ်သိက္ခာ အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။