Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 22 — Surah Al-Hadid 57:22
ကမ္ဘာမြေ၌လည်းကောင်း၊ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင်လည်းကောင်း၊ ဖြစ်ပျက်ရောက်ရှိသော အကျိုးယုတ်စေသည့် မည်သည့် အကုသိုလ်ဘေးဒုက္ခပင်ဖြစ်စေ၊ ယင်း (အကုသိုလ်ဘေးဒုက္ခ) ၏ဖြစ်ပျက်တည်ရှိမှုမစတင်မီကတည်းပင် မှတ်တမ်းစာအုပ်တွင် (ရေးသား၍ မှတ်တမ်းတင်တော်မူခြင်း) မှအပ (ဖြစ်ပျက်ရောက်ရှိလာလေ့မရှိချေ)။ ဧကန်ပင်၊ (အရာခပ်သိမ်းတို့၏အနာဂတ်ကို အကြွင်းမဲ့ သိနေတော်မူသော) အလ္လာဟ်အရှင်မြတ်အတွက် ထိုသို့ ကြိုတင်မှတ်တမ်းတင်ထားတော်မူခြင်းသည် အလွန်ပင် လွယ်ကူလှပေ၏။