Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 23 — Surah Al-Hadid 57:23

(ထိုသို့ မှတ်တမ်းတင်ထားတော်မူခြင်းမှာ) သင်တို့သည် သင်တို့ထံမှ လက်လွတ်သွားသော အရာနှင့်စပ်လျဉ်း၍ ပူဆွေးခြင်းမရှိကြရန်လည်းကောင်း၊ ထိုအရှင်မြတ်က သင်တို့အား ချီးမြှင့်ပေးအပ်တော်မူထားသော အရာများပေါ် (အခြေခံ၍ ဝမ်းမြောက်လျက်) ပျော်ရွှင်မြူးထူးကာ မာန်မာနမထောင်လွှားကြရန်လည်းကောင်း၊ ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကိုယ့်ကိုယ်ကို အထင်ကြီး၍ ဘဝင်မြင့်သူ (ကြွားဝါသူ) ဟူသမျှကို နှစ်သက်တော်မမူချေ။