Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 24 — Surah Al-Hadid 57:24

(လူ့ဘောင်အသိုင်းအဝိုင်း၌) မိမိတို့ကိုယ်တိုင် စေးနှဲတွန့်တိုကြရုံသာမက လူသားအပေါင်းတို့ကိုလည်း စေးနှဲတွန့်တိုကြရန် အားပေးနှိုးဆော်တိုက်တွန်းကြသူများလည်း ရှိကြ၏ မည်သူမဆို (အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူထားသည့် ဥစ္စာဓနပိုင်ဆိုင်မှုများကို အရှင့်လမ်းစဉ်တော်နှင့်အညီ သုံးစွဲခြင်းမှ) မျက်နှာလွဲကျေားခိုင်းလျှင် (သူတို့နှလုံးသွင်းသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည်ပင် (သက်ရှိအားလုံးအသက်ရှင် ရပ်တည်နိုင် ရန်၊ လိုအပ်သမျှကိုဖြည့်ဆည်းပေးတော်မူပြီး) လိုလားတောင့်တခြင်း ကင်းမဲ့လျက် ကုံလုံပြည့်စုံတော်မူသော အရှင်၊ (ကျေးဇူးသိတတ်သူအားလုံးအတွက်) အကြိမ်ကြိမ်အဖန်ဖန် ကျေးဇူးတင်ချီးမွမ်းထိုက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။