Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Hadid 57:25

ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသည့် သက်သေအထောက်အထား များပါဝင်သည့် ရှင်းလင်းချက်များနှင့်တကွ ငါအရှင်မြတ်၏အမှုတော်ဆောင်ရစူလ်တမန် စေလွှတ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူသားတို့က (တရားတော်နှင့်အညီ) တရားမျှတမှု ပေါ်၌ရပ်တည်နိုင်ကြရန်အလို့ငှာ ကျမ်းတော်ကိုလည်းကောင်း၊ (လူမှုဆက်ဆံရေးတွင် တရားမျှတမှုကို ချိန်ညှိ ပေးနိုင်သည့်) တန်းတူညီမျှမှုကိုလည်းကောင်း ချမှတ်ပေးအပ်တော်မူ၏။ တစ်ဖန် ငါအရှင်မြတ်သည် (လူသားတို့ ၏ဖွံ့ဖြိုးတိုးတက်မှု၌ အထောက်အကူဖြစ်စေသော) ယင်း၌ ကြီးကျယ်ခိုင်မာသည့်အင်အားပေးစွမ်းသည့်အပြင် လူသားအတွက် အကျိုးကျေးဇူး များစွာရှိသည့် သံသတ္တုကိုလည်း ချီးမြှင့်ပေးအပ်တော်မူ၏။ (ထိုသို့ပေးအပ်တော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက်မှ မည်သူက (အကွယ်၌ ရှိနေတော်မူသော အရှင်မြတ်ကို) မမြင်ဘဲပါလျက် (ယုံကြည်၍ အရှင့်အမိန့်တော်များကို နာခံခြင်းဖြင့်) ထိုအရှင်မြတ်နှင့်အရှင့်သတင်း တော်ဆောင်ရစူလ် တမန်တော်များအား ကူညီသည်ကို သိစေတော်မူရန်အလို့ငှာပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (စွမ်းအားတန်ခိုးအလုံးစုံကို ပိုင်ဆိုင်တော်မူသော) တန်ခိုးတော်ရှင်၊ (ဂုဏ်သိက္ခာ အလုံးစုံကို ပိုင်ဆိုင်တော်မူသော) ဘုန်းတော်ရှင် ဖြစ်တော်မူ၏။