Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 27 — Surah Al-Hadid 57:27
ထို့နောက် ငါအရှင်မြတ်သည် သူတို့ (တမန်တော်နူးဟ်နှင့်အီဗ်ရာဟီးမ်) ၏နောက်တွင် ရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၍ ယခင်ရစူလ်တမန်တော်များ၏လမ်းစဉ်အတိုင်း ဖဝါးခြေ ထပ်ထက်ကြပ်မခွာ လိုက်နာကျင့်သုံးသော မရ်ယမ်၏သားအီစာအား စေလွှတ်တော်မူလျက် အီန်ဂျီးလ်ကျမ်း ချမှတ်ပေးအပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်အီစာ၏နောက်သို့ လိုက်ခဲ့ကြသောသူတို့၏စိတ်နှလုံးများတွင် နူးညံ့သိမ်မွေ့မှုကိုလည်းကောင်း၊ မေတ္တာကရုဏာတရားကို လည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့၏။ သို့ရာတွင် (ငါအရှင်မြတ်သည် အရှင့်လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်၍) ငါအရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာဖွေခြင်းမှအပ (အခြားမည်သည်ကိုမျှ မပြဌာန်းထားသော်လည်း) သူတို့က သူတို့အပေါ် မဖြစ်မနေလုပ်ရမည့်တာဝန်အဖြစ် သတ်မှတ်ပြဌာန်း တော်မမူသောအရာဖြစ်သည့် ဘုန်းကြီးရဟန်းတို့၏နေ ထိုင်မှုစနစ်ကို (သူတို့ကိုယ်တိုင် ဘာသာရေးတုံး တမ်းစဉ်လာအဖြစ်) အသစ်တီထွင်ဖန်တီးခဲ့ကြရာ မဖြစ်မနေ လုပ်ရမည့်တာဝန်ဝတ္တရားများကို လိုအပ်ချက်နှင့်အညီ တိကျမှန်ကန်စွာ စောင့်ထိန်းလိုက်နာနိုင်ခြင်း မရှိကြချေ။ မည်သို့ပင်ဖြစ်စေ၊ ငါအရှင်မြတ်သည် သူတို့အနက်မှ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား သူတို့၏အကျိုးဆု လဒ်များကို ချီးမြှင့်ပေးအပ်တော်မူပြီး သူတို့အနက်မှ အများစုသည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ သွေဖည်ယုတ်မာသူများပင် ဖြစ်ကြလေ၏။)