Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 28 — Surah Al-Hadid 57:28

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် ထိုအရှင်မြတ်၏သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလော့။ ထိုအရှင်မြတ်သည် သင်တို့အား (တမန် တော်မုဟမ္မဒ်နှင့်တမန်တော်အားလုံးကို ယုံကြည်ခြင်း၏အကျိုးဆက်အဖြစ်) အရှင့်ကရုဏာတော်မှ နှစ်ဆချီးမြှင့် ပေးအပ်တော်မူမည့်အပြင်၊ သင်တို့အတွက် ယင်းဖြင့် ဘဝခရီး လျှောက်လှမ်းနိုင်သည့် အလင်းရောင် (ဉာဏ်အလင်း) ကိုလည်း စီမံဖြစ်စေတော်မူရုံသာမက သင်တို့အတွက် ခွင့်လွှတ်ချမ်းသာခွင့်လည်း ရှိစေတော်မူမည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန် ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။