Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 29 — Surah Al-Hadid 57:29
(ယင်းသို့ ချီးမြှင့်ပေးအပ်တော်မူခြင်းသည်) ရှေးကျမ်းပုဂ္ဂိုလ်များအား သူတို့သည် အလ္လာဟ်အရှင်မြတ်၏ (ကျမ်းတော်၊ လမ်းညွှန်တော် စသော) ကျေးဇူးတော်များအနက်မှ မည်သည့်အရာ (အမိန့်စီရင်ချက်) ကိုမျှ စိုးစဉ်းမျှပင် (ပြင်ဆင်ပြောင်းလဲနိုင်သော) အခွင့်အာဏာ မရှိကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်အလုံးစုံသည် အလ္လာဟ်အရှင်မြတ်၏လက်တော်တွင်း (အချုပ်အခြာအာဏာ) ၌သာရှိတော်မူ၍ ထိုအရှင်မြတ်သည် ယင်းကို အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ချီးမြှင့်ပေးအပ်တော်မူကြောင်းကိုလည်းကောင်း၊ သိစေတော်မူရန်အတွက်သာ ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လောကခပ်သိမ်းအား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေသည့် နိယာမတရားများ ပေးအပ်တော်မူ၍) ကြီးကျယ်သော ကျေးဇူးတော်အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။