Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Hadid 57:4

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ကို ခြောက်ရက် (ကာလခြောက်ခု) တွင် ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရ်ရှ်ပလ္လင်တော် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထားသည့် ဩဇာအာဏာ) အား အချို့အစားမျှတပြီး နေထားတကျဖြစ်အောင် အခိုင်အမာ၊ ထူထောင်စေတော်မူ၏။ ထိုအရှင်မြတ်သည် ကမ္ဘာမြေကြီးထဲသို့ စိမ့်ဝင်ထိုးဖောက်သည့် (မိုးရေ၊ အစေ့၊ အဆံ အစရှိသော) အရာဟူသမျှကိုလည်းကောင်း၊ မြေကမ္ဘာမှ ထွက်သော (ရေငွေ့၊ အစိုဓါတ်၊ အပင်များနှင့်သက်ရှိများ စသည့်) အရာဟူသမျှကိုလည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်လာသော (မိုးရေ၊ အလင်းနှင့်မလာအီကာစေတမန် များ စသည့်) အရာဟူသမျှကိုလည်းကောင်း၊ မိုးကောင်းကင်သို့ တက်သွားသော (အခိုးအငွေ့၊ ဆုတောင်းမှု အစရှိသည့်) အရာဟူသမျှကိုလည်းကောင်း၊ သိနေတော်မူ၏။ ထို့ပြင် သင်တို့မည်သည့်နေရာ၌ပင် ရှိနေသည် ဖြစ်စေ၊ ထိုအရှင်မြတ်သည် သင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်သမျှတို့ကို အကြွင်းမဲ့ မြင်နေတော်မူ၏။