Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 57 - Al-Hadid
Translation by Alin U Yin — Permalink
Verse 7 — Surah Al-Hadid 57:7
သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား သက်ဝင်ယုံကြည်ကြလော့။ ထို့ပြင် သင်တို့သည် ယင်း (မြေကမ္ဘာ) ၌ ယင်းကို ကိုယ်စားပြုသူအဖြစ်ခန့် အပ်တော်မူလျက် သင်တို့ထံအပ်နှံထားတော်မူသည့် (မြေပေါ်မြေအောက်ရေပေါ်ရေ အောက်သယံဇာတများ၊ စွမ်းရည်များ၊ စွမ်းအင်များနှင့်ရိက္ခာအထောက်အပံ့များစသော) အပ်နှံခြင်းခံရသည့်အရာများအနက်မှ (အရှင့်လမ်းတော်နှင့် ချို့တဲ့ဆင်းရဲသူတို့အတွက်) စွန့်လှူသုံးစွဲလှူဒါန်းကြလော့။ သို့ဖြစ်ပေရာ သင်တို့အနက်မှ သက်ဝင်ယုံကြည်ကြပြီး ထိုသို့ စွန့်လှူသုံးစွဲလှူဒါန်းကြသောသူတို့မူကား သူတို့အတွက် အလွန်ကြီးကျယ်လှစွာသော အကျိုးဆုလဒ်သည် ရှိပေ၏။