Back to Languages

Burmese - Chapter 57 - Al-Hadid

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Hadid 57:9

ထိုအရှင်မြတ်သည် သင်တို့အား (အမှန်တရားသစ္စာမှ လွဲချော်စေမည့် အတွေးအခေါ် အယူအဆများနှင့်လမ်းစဉ်များပါဝင်သည့်) အမှောင်ထုဟူသမျှမှ (အစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံ တည်တံ့စေမည့်) အလင်းတော်သို့ ခေါ်ထုတ်တော်မူရန်အလို့ငှာ အရှင့်အစေခံအမှုတော်ဆောင် (တမန်တော်မုဟမ္မဒ်) အပေါ်၌ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါဝင်သည့်ရှင်းလင်းချက်နှင့်အတူ အာယသ်သက်သေလက္ခဏာတော်များကို ချမှတ်ပေးအပ်တော်မူ၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ဒုက္ခအခက်အခဲများကို လွယ်ကူစေရာတွင် အလွန်ပင် နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အားလုံးအပေါ်တွင် အစဉ် သနားကြင်နာညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။