Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Mujadila 58:1

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သူမ၏ဘဝဖော်နှင့်စပ်လျဉ်း၍ အသင် (တမန်တော်) နှင့်အပြန်အလှန်ဆွေးနွေးတိုင်ပင်လျက် သူမ၏မကျေနပ်ချက်ကို အလ္လဟ်အရှင်မြတ်ထံ တိုင်ကြားသည့် အမျိုးသမီး၏အသနားခံပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည့်ပြောဆိုဆွေးနွေးချက် (အသေးစိတ်ကိုလည်း) ကြားတော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့ဘဝသမိုင်းတစ်လျှောက်၌ လူသားတို့ပြောဆိုခဲ့သမျှနှင့်သင်တို့ပြောဆိုနေသမျှကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (သင်တို့၏ပြုမူဆောင်ရွက်မှုဟူသမျှကို) မြင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။