Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 58 - Al-Mujadila
Translation by Alin U Yin — Permalink
Verse 10 — Surah Al-Mujadila 58:10
လျှို့ဝှက်တိုင်ပင်ဆွေးနွေးရခြင်း (၏ နောက်ထပ်အကြောင်းရင်းတစ်ခု) မှာ စေတန်မကောင်းဆိုးဝါးထံမှ (ရန်စရန်လှုံ့ဆော်မှုသက်သက်ဖြစ်သော) သက်ဝင်ယုံကြည်သူတို့အား စိတ်ဒုက္ခဖြစ်စေရန်သာ ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်မှအပ ယင်း (စေတန်မကောင်းဆိုးဝါး) သည် (ယုံကြည်သူများ ဖြစ် ကြသော) သူတို့အား အနည်းငယ်စိုးစဉ်းမျှပင် အကျိုးယုတ် ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ပေ ရာ (ငါအရှင်မြတ်သည် ယုံကြည်သူတို့ကို ကာကွယ်စောင့်ရှောက်ရန် အရှင့်အပေါ် တာဝန်အဖြစ်သတ်မှတ်ထားတော်မူသည့်အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့် ပုံအပ်လျက်) အားကိုးအားထားပြုထိုက်၏။