Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 58 - Al-Mujadila
Translation by Alin U Yin — Permalink
Verse 11 — Surah Al-Mujadila 58:11
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် လူထုအစည်းအဝေး၌ (ဝင်ရောက်လာသူအသစ် တို့အား) နေရာပေးကြလော့။ ဟု ပြောဆိုခြင်းခံကြရသောအခါ နေရာချဲ ပေးကြလော့။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် (အရှင့်ကျေးဇူးတော်နှင့်သုခဥယျာဉ်၌) နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ “သင်တို့ သည် (အစည်းအဝေးခန်းမမှ ထ၍ တာဝန်ရှိသည့်နေရာသို့ ထွက်ခွာရန်) ထကြလော့။” ဟု ပြောဆိုခြင်း ခံကြရသော အခါလည်း ထကြလော့။ အရှင်မြတ်သည် သင်တို့အနက်မှ ဖြူစင်စွာ ယုံကြည် (၍ ယုံကြည်ချက်နှင့်အညီ လိုက်နာကျင့်သုံးကြ) သောသူတို့အားလည်းကောင်း၊ (အစ္စလာမ့်ရေးရာ) အသိပညာချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့အားလည်းကောင်း၊ (အခွင့်အလမ်းများနှင့်) အဆင့်အတန်းများဖြင့် မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်မူသမျှ (နှင့်စပ်လျဉ်းသော သတင်းအချက်အလက် အသေးစိတ်) တို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။