Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 12 — Surah Al-Mujadila 58:12

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ရစူလ်တမန်တော်မြတ်နှင့်သီးသန့်နှီးနှော တိုင်ပင် ဆွေးနွေးလိုကြသောအခါ သင်တို့၏နှီးနှောလိုမှုမတိုင်မီ (ချို့တဲ့ဆင်းရဲသူတို့အား) အလှူဒါနတစ်စုံတစ်ရာကို (ဦးစွာ) စွန့်လှူပေးကမ်းကြလော့။ ထိုသို့စွန့်လှူခြင်းသည် သင်တို့အတွက် အကောင်းမြတ်ဆုံးနှင့်အသန့်ရှင်း အစင်ကြယ်ဆုံး ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် (ထိုသို့စွန့်လှူရန် နည်းလမ်းတစ်စုံတစ်ရာ) ရှာမတွေ့ ကြလျှင်လည်း မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။