Back to Languages

Burmese - Chapter 58 - Al-Mujadila

Translation by Alin U Yin — Permalink

Verse 13 — Surah Al-Mujadila 58:13

သင်တို့သည် ရစူလ်တမန်တော်မြတ်နှင့်သီးသန့်နှီးနှောတိုင်ပင် ဆွေးနွေးလိုကြသောအခါ သင်တို့၏ နှီးနှော လိုမှုမတိုင်မီ (ချို့တဲ့ဆင်းရဲသူတို့အား) အလှူဒါနတစ်စုံတစ်ရာ စွန့်လှူပေးကမ်းကြရမည်ကို ကြောက်ရွံ့ ခဲ့ကြလေသလော။ သို့ရာတွင် သင်တို့သည် (ယင်းသို့အလှူဒါနပေးကမ်းစွန့်လှူရန် အခွင့်အလမ်းမရခဲ့၍) မပြုလုပ်နိုင်ခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် သင်တို့ဘက်သို့ အရှင့်ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊ သင်တို့သည် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည် ကြပြီး ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူရသော လူမှုဖူလုံကြေး) ကို ပေးကမ်းကြသည့်အပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့်ရစူလ်တမန်တော်မြတ် (၏လမ်းစဉ်) ကိုလည်း နာခံလိုက်နာကြလော့။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်မူသမျှ (နှင့်စပ်လျဉ်းသော သတင်းအချက်အလက် အသေးစိတ်) တို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။