Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 58 - Al-Mujadila
Translation by Alin U Yin — Permalink
Verse 14 — Surah Al-Mujadila 58:14
(အို၊ ရစူလ်တမန်တော်၊) အသင်သည် သူတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ ကင်းဝေးစေသည့် ပြစ်တင်ရှုတ်ချမှုရှိသော လူမျိုးအား သူတို့၏ယုံကြည်စိတ်ချရသောမိတ်ဆွေ (မဟာမိတ်) အဖြစ် မှတ်ယူကြသူ (အယောင်ဆောင်သီလကြောင်) တို့အား မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ (အမှန်မှာ ထို အယောင်ဆောင်သီလကြောင်များဖြစ်ကြသော) သူတို့သည် သင်တို့ (ယုံကြည်သူများ) အနက်မှ မဟုတ်သည့်အပြင် (အမှန်တရားကို ပြောင်ပြောင်တင်းတင်း လုံးဝ ငြင်းပယ်နေကြသော မယုံကြည်) သူတို့အနက်မှလည်း မဟုတ်ကြပေ။ သူတို့သည် (သင်တို့အနက်မှ ဖြစ်ကြသည်ဟု လိမ်ညာနေကြောင်း သူတို့ကိုယ်တိုင်) သိနေကြသော်လည်း ယင်းမုသားနှင့်စပ်လျဉ်း၍ ကျိန်ဆိုနေကြ၏။