Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 58 - Al-Mujadila
Translation by Alin U Yin — Permalink
Verse 2 — Surah Al-Mujadila 58:2
သင်တို့အနက်မှ သူတို့၏အမျိုးသမီးများကို သူတို့အတွက် (ရှေးခေတ်မိရိုးဖလာတုံးစံအတိုင်း) တရားမဝင် ဖြစ်စေရန် “အသင်မက ကျွန်ုပ်အတွက် ကျွန်ုပ်မိခင်၏ကျောကုန်းဖြစ်ပါစေ။” ဟု ဇိဟာရ်ထုတ်ဖော်ချက်ကို တရားဝင်ထုတ်ဖော်ကြေညာသူတို့အနေဖြင့် (နှလုံးသွင်းသင့်သည်မှာ) သူတို့၏အမျိုးသမီးများသည် (မည်သည့် အခါမျှ) သူတို့၏မိခင်များ ဖြစ်နိုင်ကြမည် မဟုတ်ပေ။ သူတို့အား မွေးဖွားခဲ့ကြသော အမျိုးသမီးများသည် သာလျှင် သူတို့၏မိခင်စစ်များ ဖြစ်ကြ၏။ သို့ရာတွင် ဧကန်မလွဲ၊ (ဇိဟာရ်ထုတ်ဖော်ချက်ကို ထုတ်ဖော် ကြသော) သူတို့သည် (တရားတော်နှင့်ဆန့်ကျင်၍ ထင်ရာစိုင်း ပြောဆိုသည့်) အပြောအဆိုများအနက်မှ အလွန် စက်ဆုပ်ရွံရှာဖွယ်ရာစကားကိုလည်းကောင်း၊ မမှန်မကန်ထွက်ဆိုသော မိစ္ဆာဒိဌိကိုလည်းကောင်း၊ အမှန်ပင် ပြောဆိုနေကြ၏။ သို့တစေလည်း မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။