Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 58 - Al-Mujadila
Translation by Alin U Yin — Permalink
Verse 22 — Surah Al-Mujadila 58:22
(အို၊ ရစူလ်တမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ ကို ယုံကြည်ကြသောလူမျိူး (များဖြစ်သည့် စစ်မှန်သောယုံကြည်သူ) တို့က အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ် တမန်တော်မြတ်ကို အာခံဖီဆန်၍ ပမာမခန့် ပြုလုပ်သူတို့အား အကယ်၍ (ထိုပမာမခန့်ပြုသူတို့သည်) သူတို့၏ အဖဘိုးဘေးဘီဘင်များပင် ဖြစ်စေ၊ သူတို့၏သားသမီးများဖြစ်စေ၊ သူတို့၏ညီအစ်ကိုမောင်နှမများပင် ဖြစ်စေ၊ သူတို့၏ဆွေမျိုးသားချင်းနှင့်စိတ်သဘောထားတူညီသောမျိုးနွယ်စုဝင်များပင် ဖြစ်စေ၊ (အခြားမည်သူပင် ဖြစ်နေပါစေ၊ သံယောဇဉ်တွယ်လျက်) ချစ်မြတ်နိုးကြောင်း တွေ့ရမည် မဟုတ်ပေ။ ထိုသူတို့သည်ကား ထိုအရှင်မြတ်သည် (သူတို့အတွက်) သူတို့၏စိတ်နှလုံးများတွင် ယုံကြည်မှုခိုင်မြဲစေတော်မူပြီး အရှင့်ထံတော်မှ ဝိဉာဏ်တော် (နာမ်ရေးရာ ဉာဏ်အလင်းပေးသည့် ကျမ်းတော်) ဖြင့် သူတို့ကို အားဖြည့်စေတော်မူရန် သတ်မှတ်ပြဌာန်းတော်မူ (သည့် ပုဂ္ဂိုလ်များဖြစ်ကြ) ၏။ ထို့ပြင် သူတို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ထို (သုခဥယျာဉ်များ) ၌ အစဉ်ထာဝရ နေထိုင်စံစားကြမည့်သူများအဖြစ် ဝင်ရောက်စေတော်မူမည် ဖြစ်၏။ ထိုအရှင်မြတ်သည် (သူတို့၏ကောင်းမြတ်သောလုပ်ရပ်များကြောင့်) သူတို့အား အားရ ကျေနပ် နှစ်သက်တော်မူပြီး သူတို့သည်လည်း (အရှင်မြတ်၏ရက်ရောသော ချီးမြှင့်မှုများကြောင့်) ထိုအရှင် မြတ်ကို အားရဝမ်းသာ နှစ်သက်မြတ်နိုးကြ၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဘက်တော်သား (အရှင့် စည်းမျဉ်းတော်ပေါ် ဆောက်တည်ထားသောအဖွဲ့များ) ဖြစ်ကြ၏။ နှလုံးသွင်း မှတ်ယူကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏ဘက်တော်သား (အရှင့်စည်းမျဉ်းတော်ပေါ် ဆောက်တည်ထားသောအဖွဲ့များ) သည်သာလျှင် ပေါက်မြောက်အောင်မြင်မည့်သူများ ဖြစ်ကြ၏။